#Local_News
Published 26 July 2024

▪️ မြစ်ရေကြီးမှုမှကာကွယ်ရန် ဧရာဝတီနှင့်ပဲခူးတိုင်းတို့ရှိ ရေကာတာနှင့် တာဘောင်ကြံ့ခိုင်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဇူလိုင်၂၅ ရက်နေ့၊ ည၈နာရီ ၄၅ မိနစ်အချိန်ခန့်က  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ရွှေတောင်မှော်ကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာရှိ ညောင်ဝိုင်းရေကာတာ အောက်ခြေမှရေယိုစိမ့်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် မအူပင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အတားအဆီးများ၊ သဲအိတ်ဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

▪️ ထို့အပြင် ဇူလိုင်၂၆ ရက်နေ့၊ နံနက်၈နာရီ  အချိန်ခန့်က ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်လာပါသဖြင့် ကျောက်ကြီးစုရပ်ကွက်ရှိ ကျောက်ကြီးစုတာဘောင်ကြံ့ခိုင်ရေးနှင့် ပန်းလှိုင်ရပ်ကွက်ရှိ ပန်းလှိုင်တာဘောင်ကြံ့ခိုင်ရေးတို့အတွက် ပဲခူးတိုင်းဒေသကြီးအတွင်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသည် သဲအိတ်များဖြင့် တာဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

 

#YMG/NN #Yangon_Times