#Local_News
Published 26 July 2024


▪️ လေဆင်နှာမောင်းတိုက်၍ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းရှိကျေးရွာအိမ်ခြေ(၇၀)နီးပါးပျက်စီးသွားကြောင်း ရှင်သန်ရေးကူညီမှုအသင်းမှ သိရသည်။

 

▪️ ဇူလိုင်(၂၆)ရက်နံနက်အစောပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခံရ၍ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းနှင့် ညောင်နီကုန်းကျေးရွာများတွင် အိမ်ခြေ (၃၄) အလုံးစုံပျက်စီး၊(၃၇)လုံးအမိုးအကာပျက်ခဲ့ရသည်ဟု ဆိုသည်။

 

▪️ လေဘေးသင့် မိသားစုဝင်စုစုပေါင်း ၃၄၂ ဦးရှိပြီး အမိုးအကာတာပေါ်လင်နှင့် အဝတ်အစားများလိုအပ်နေကြောင်း အရေးပေါ် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများလိုအပ်နေကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times