၂၄ ဇူလိုင် ၂၀၂၄

မြန်မာနစကကိုယ်စားလှယ်အဖြစ် လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ဖို့ရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်မိုးကို အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာကာအိုကင်မ်ဟိုအန်က ယနေ့ ဇူလိုင် ၂၄ ရက်က တွေ့ဆုံပြီး မြန်မာနှင့်အာဆီယံအကြား နှစ်ဘက်ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ပါတယ်။  နှစ်ဘက်ဟာ အာဆီယံက လက်ရှိ ဆောင်ရွက်နေတဲ့ လူ့အသိုက်အဝန်းတည်ဆောက်ရေးကြိုးပမ်းအားထုတ်မှုတွေနှင့်ဆက်စပ်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြ တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

@ymg/knl