#Local_News
Published 24 July 2024
▪️ စနစ်ဟောင်း နဝမတန်း‌အောင်ပြီးတက္ကသိုလ်ဝင်တန်းဖြေခွင့်မရခဲ့သူများနှင့် စနစ်ဟောင်း၊စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးခဲ့သူများ လာမည့်၂၀၂၅တက္ကသိုလ်ဝင်စာ‌မေးပွဲ၌ပြင်ပဖြေအဖြစ်ဖြေဆိုနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

 

▪️ ထုတ်ပြန်ချက်တွင်  ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စနစ်ဟောင်း နဝမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ခြင်း မရှိသော ကျောင်းသားကျောင်းသူများနှင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း

 

▪️ လာမည့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း စနစ်ဟောင်းနဝမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ခြင်းမရှိသော ကျောင်းသားကျောင်းသူများ နှင့် စနစ်ဟောင်း/စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများသည် ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုနိုင်သည် ထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times