#Local_News
Published 24 July 2024

▪️ ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ မြို့တွင်းခရီးသည်တင်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲ၍ ဝန်ဆောင်မှုပေးထားကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ သိရသည်။

 

▪️ ထိုသို့ဝန်ဆောင်မှုပေးရာတွင် ယာဉ်လိုင်းလေးလိုင်းဖြစ်သည့် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်၊ တော်ဝင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ Yutong CB ယာဉ် ၆ စီးနှင့် ယခု ဇူလိုင်လဆန်းပိုင်းမှ စတင်ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ပြည်သူများသွားလာရေးအဆင်ပြေစေရန်၊ ဘုရားဖူးပြည်သူများ မာရဝိဇယဘုရားသို့ လွယ်ကူစွာသွားရောက်ဖူးမြော်နိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများလည်း အဆင်ပြေချောမွေ့စွာကျောင်းသွား လာနိုင်စေရန် ရည်ရွယ်ကြောင်း သိရသည်။

 

▪️ ယာဉ်လိုင်းများ ပြေးဆွဲဝန်ဆောင်မှုပေးရာတွင် လမ်းကြောင်း-၁ (ဇဗ္ဗူသီရိလမ်းကြောင်း)အဖြစ် ဘောဂသီရီ-နှင်းဆီပန်းအဝိုင်း-ရွှေညောင်ပင်-နေပြည်တော်ကောင်စီ-စည်ပင်ဧည့်ရိပ်သာ-သပြေကုန်း- ပရေးဆေးဥယျာဉ်- ဓာတုဇယဘုရား-နည်းပညာတက္ကသိုလ်-မာရဝိဇယဘုရား-ဘိုးဘွားရိပ်သာ- ဉာဏသိဒ္ဓိရပ်ကွက်-Naypyitaw State Academy ကျောင်း- ဝဏ္ဏသိဒ္ဓိရပ်ကွက်-သုခတော်ဝင်- မြို့မဈေးတို့ဖြစ်ပြီး ယာဉ်စီးခကို ခရီးစဉ်အစအဆုံး ၂၀၀၀ ကျပ် သတ်မှတ်ထားကြောင်း၊ လမ်းကြောင်း-၂ (လယ်ဝေးလမ်းကြောင်း) လယ်ဝေးမြို့မဈေး-လယ်ဝေးအားကစားကွင်း-ရွှေအင်ကြင်း ရပ်ကွက်-ဒက္ခိဏသီရီဈေး-ကံ့ကော်ပန်းအဝိုင်း-Excel Capital - တုံဂပူရိလမ်းဆုံ-Junction Center-အဆင့်မြင့်ဈေး-နည်းပညာတက္ကသိုလ်-မာရဝိဇယဘုရား-ဘိုးဘွားရိပ်သာ-ဉာဏသိဒ္ဓိရပ်ကွက်- Naypyitaw State Academy ကျောင်းတို့ဖြစ်ပြီး ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ၁၅၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

 

▪️ ထို့အပြင် လမ်းကြောင်း-၃ (ပုပ္ဗသီရိ ရန်ကုန်-မန္တလေးလမ်းဟောင်းလမ်းကြောင်း)အဖြစ် သိုက်ချောင်းလမ်းဆုံ-တိရစ္ဆာန်ဥယျာဉ်-ရေဆင်းကျေးရွာ-ပင်လောင်းလမ်းဆုံ-လျှပ်စစ်လမ်းခွဲ-ကျောက်ချက်-နှင်းဆီပန်းအဝိုင်း-ရွှေညောင်ပင်-နေပြည်တော်ကောင်စီ-ဇမ္ဗူသီရိဆေးရုံ-စည်ပင်ဧည့်ရိပ်သာ-သပြေကုန်း-ပရဆေးဥယျာဉ်- မြို့မဈေး-သုခတော်ဝင်- ဝဏ္ဏသိဒ္ဓိရပ်ကွက်- Naypyitaw State Academy ကျောင်း-ဉာဏသိဒ္ဓိရပ်ကွက်- မာရဝိဇယဘုရား-နည်းပညာတက္ကသိုလ်တို့ဖြစ်ပြီး ယာဉ်စီးခ ခရီးစဉ်အစအဆုံး ၂၀၀၀ ကျပ်ဖြစ်ကြောင်း၊ လမ်းကြောင်း-၄ (ပုပ္ဗသီရိလမ်းကြောင်း)အဖြစ် သိုက်ချောင်းလမ်းဆုံ – ခုတင် (၃၀၀) ဆေးရုံ – ကျည်တောင်ကန်လမ်းဆုံ – နေပြည်တော်ဘူတာကြီး – Polytechnic University – အင်ကြင်းပန်းအဝိုင်း – မန္တလေးလမ်း – ကုမုဒြာကြာပန်းအဝိုင်း – စည်ပင်ဧည့်ရိပ်သာ – သပြေကုန်း – ပရဆေးဥယျာဉ် – မြို့မဈေး – သုခတော်ဝင် – ဝဏ္ဏသိဒ္ဓိရပ်ကွက် – Naypyitaw State Academy – ဉာဏသိဒ္ဓိရပ်ကွက် – မာရဝိဇယဘုရား – နည်းပညာတက္ကသိုလ်အထိ ပြေးဆွဲပေးနေတာဖြစ်ပြီး ခရီးစဉ်အစအဆုံးကို ငွေကျပ် ၂၀၀၀ နှုန်းသတ်မှတ်ထား ကြောင်း သိရသည်။

 

▪️ နေပြည်တော်မြို့တွင်း ယာဉ်လိုင်းများပြေးဆွဲဝန်ဆောင်မှုကို  ကိုဗစ်-၁၉ ဖြစ်ပွားချိန်မှ စတင်ရပ်နားထားခဲ့ရပြီး ယခု ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်မှစတင်ကာ ပြန်လည်ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း၊ ခရီးစဉ် အပိုင်းအဖြတ်အနေဖြင့်  အတက်/အဆင်းကို ငွေကျပ် ၁၀၀၀ ယူပြီး လက်ရှိတွင်  ခရီးသည်စီးနင်းမှု နည်းပါးသည့် အတွက် ယာဉ်လိုင်းတစ်လိုင်းစီကို ယာဉ်တစ်စီးနှုန်းဖြင့် ဝန်ဆောင်မှုပေးနေ ကြောင်း၊ ကျန် ၂ စီးမှာ  ခရီးသည်များပြားခြင်း၊ ယာဉ်ပျက်စီးခဲ့ခြင်းများ အစားထိုးရန် အရန်ထားရှိပြီး နောက်ပိုင်းတွင် ယာဉ်အစီးရေ တိုးချဲ့ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times