#Local_News
Published 24 July 2024


▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အသေးစားကုန်ထုတ်လုပ်ငန်း စီမံကိန်းလုပ်ငန်း (၁၆) ခု အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

▪️ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအရဆောင်ရွက်သွားမည်ဖြစ်ပြီး  ယင်းစီမံကိန်းသည် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ  ပေါ်ပေါက်ရန် စီစဉ်ပေးခြင်း ဖြစ်သကဲ့သို့  ပထမဦးစွာနည်းပညာပေးခြင်း၊ လိုအပ်သည့်ပစ္စည်းကိရိယာများ  ထောက်ပံ့ပေးခြင်းဖြင့် မိသားစုဝင်ငွေတိုးလာမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင်  မိသားစုစီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည့် အပြင် နိုင်ငံ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူပြုသွားမည် ဖြစ်သည့် အတွက် ယင်းစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ပြည်တွင်းထုတ်ကုန်များအနေဖြင့်လည်း ထုတ်ပိုးမှုပုံစံများလိုအပ်နေခြင်းဖြစ်ပြီး စနစ်တကျဖြင့် ဈေးကွက်ဝင် အောင်ဆောင်ရွက်နိုင်ရန်သာ လိုအပ်ကြောင်းသိရသည်။

 

▪️ လက်ရှိအချိန်တွင်လည်း ပြည်ပမှ ဝင်ရောက်နေသည့် ထုတ်ကုန် များပြတ်လပ်မှုကြုံနေရချိန်ဖြစ် သော ကြောင့် ဒေသခံများအနေဖြင့် မိမိတို့ထုတ်ကုန်ကို ပြည်သူများ ပိုမိုနှစ်သက်လာစေရန်၊ သတိထားမိလာစေရန်၊ စိတ်ဝင်စားလာစေရန်နှင့် ဈေးကွက်အစားထိုးဝင်ရောက်ရန် လုပ်ဆောင်နိုင်ပါက ပြည်တွင်းထုတ်ကုန်များမှာ ပိုမိုအရေးပါလာနိုင်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times