#Local_News
Published 23 July 2024
▪️ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရေဘေးဖြစ်ပွားမှုအကြိမ်ရေ(၁၄၄)ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အဦပေါင်း (၂၇၉)လုံး ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူနှင့်တိရစ္ဆာန်သေဆုံး၊ ထိခိုက်/ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

▪️ယင်းကဲ့သို့ ဆုံးရှုံးခဲ့ကြောင်းကို လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် ရေဘေးအန္တရာယ်ကြိုတင်ပြင် ဆင်ရေးနှင့် စပ်လျင်း၍ အသိပေးနှိုးဆော်ချက်၌ဖော်ပြထားသည်။

 

▪️ အဆိုပါ အသိပေးနှိုးဆော်ချက် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ နှစ်စဉ်ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန် များပြားစွာရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကိုလည်း ကြုံတွေ့ရနိုင်ကြောင်း၊

 

▪️ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် ရေဘေးမဖြစ်ပွားမီကြိုတင်ပြင်ဆင်ထားရမည့်သောက်သုံးရေများ ကြိုတင်စုဆောင်း ထားခြင်း၊ အရေးပေါ်သုံးပစ္စည်းများနှင့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင် ပြင်ဆင်ထားခြင်းစသည့်အသေးစိတ်အချက်များကိုဖော်ပြထားသည်။

 

▪️ အကယ်၍သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ရပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတွင် (၂၄)နာရီ ဖွင့်လှစ်ထားရှိသည့် Hot-Line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ကြောင်း ထုတ်ပြန် ဖော်ပြထားကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times