#Local_News
Published 23 July 2024

▪️ ဂျပန်ကုမ္ပဏီများက မြန်မာလုပ်သားများကို အလုပ်ကမ်းလှမ်းစာ ၄၄၀ ခု ကမ်းလှမ်းထားကြောင်း ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

 

▪️ တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံရှိ ကုမ္ပဏီများက ပေးပို့လာသည့်  အလုပ်ကမ်းလှမ်းစာ ၄၄၀ ခု၏  အချက်အလက်များကိုစိစစ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့အကြောင်းကြားထားခြင်းဖြစ်‌ ကြောင်းသိရသည်။

 

▪️ အဆိုပါ စိစစ်ချက်များအရ  မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့်  ရက်စွဲအလိုက် အစဉ်အတိုင်းစိစစ်ပေးလျက်ရှိရာ   ဇွန်လ ၃ ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးဖြစ်ကြောင်း သိရသည်။ 

 

▪️ ထိုသို့ စိစစ်ရာတွင် အလုပ်ခေါ်ယူသည့်  ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီ၊ အလုပ်ခေါ်ယူသည့်စက်ရုံ /ကုမ္ပဏီများသည် ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်းရှိ၊ မရှိအပါအဝင် စာရွက်စာတမ်းအထောက်အထားများကို စစ်ဆေးခဲ့ကြောင်း မြန်မာသံရုံးထုတ်ပြန်ချက်အရ သိရသည်။

 

#YMG/NN #Yangon_Times