#Local_News
Published 23 July 2024


▪️ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ ဧပြီလမှ ဇွန်လအထိ သုံးလတာကာလအတွင်း တရုတ်နိုင်ငံသို့ တစ်ရှူးငှက်ပျောတန်ချိန်တစ်သိန်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

 

▪️ ထိုသို့တင်ပို့ရာတွင် ဧပြီလ၌  မက်ထရစ်တန်ချိန် ၇၇၆၇၅ တန်ပါဝင်သည့် ကားအစီးရေ ၃၁၀၇ စီး၊ မေလ၌  မက်ထရစ်တန်ချိန် ၃၁၅၂၇ တန်ပါဝင်သည့် ကားအစီးရေ ၁၂၂၆ စီး၊ ဇွန်လ၌  မက်ထရစ်တန်ချိန် ၄၂၄၂ တန် ပါရှိသည့် ကားစီးရေ ၁၃၆ စီးတင်ပို့ထားကြောင်း သိရသည်။

 

▪️ တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်အတွင်း ဧကခြောက်သောင်းကျော် စိုက်ပျိုးလျက်ရှိပြီး ငှက်ပျောစိုက်ပျိုးတင်ပို့သည့် ကုမ္ပဏီစုစုပေါင်း ၂၀ ကျော်ရှိကြောင်း သိရသည်။

 

▪️ အဆိုပါ ကုမ္ပဏီများမှ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှတစ်ဆင့်  တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေခြင်းဖြစ်ပြီး ကူမင်း၊ ပေကျင်း၊ ကွမ်တုံ၊ သုံးပိတ်၊  ဟိန်းလုံကျန်၊ ရှီအန်၊ ငွေကျုံး၊ ဝုဟန်၊ ထုံချင်း၊ ကျိန်ကျုံးစသည့် ပြည်နယ်များနှင့် တရုတ်ပြည်တစ်နိုင်ငံလုံးသို့ တင်ပို့လျက်ရှိရာ ရုရှားနယ်စပ်အထိ ရောက်ရှိကြောင်း သိရသည်။

 

#YMG/ NN #Yangon_Times