#Local_News
Published 22 July 2024

▪️ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၌ အိမ်စီးကားတစ်စီး လမ်းလယ်ကျွန်းအား တိုက်မိမှုဖြစ်ပွားပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဇူလိုင်၂၂ရက်နေ့၊ နံနက် ၇ နာခွဲ အချိန်ခန့်က၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀၉/၀)နှင့်(၁၀၉/၁)ကြားတွင် Toyota Wish အဖြူရောင်(၁)စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

 

▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၄)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ၁၁၅ မိုင် အမြန်လမ်းကြက်ခြေနီယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times