#Local_News
Published 22 July 2024

▪️ မွန်ပြည်နယ်၊ ဆင်ရွာရေတံခွန်၌ မတစ်ဦး ရေထဲပြုတ်ကျပြီး ကျောက်တုံးကြားညှပ်၍ ‌ေ-သဆုံးမှုတစ်ခုယမန်‌ နေ့လယ်က ဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေကြောင်း ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပရဟိတအသင်းများမှ သိရသည်။

 

▪️ ဇူလိုင်၂၁ရက်နေ့လည် ၂နာရီ၁၅ မိနစ်အချိန်ခန့်က မွန်ပြည်နယ် ပေါင်မြို့နယ် ဆင်ရွာရေတံခွန်တွင် ရေထဲပြုတ်ကျပြီ ကျောက်တုံးကြီးကြားထဲတွင် လူတစ်ဦးညှပ်‌နေကြောင်း သတင်းရရှိ၍ ပေါင်မြို့နယ် မီးသတ်ဦးစီးမှူးဦးမြတ်ကိုကိုဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှသွားရောက်၍ ကူညီကယ်ဆယ်ခဲ့ရာ ရေစီးသန်နေသော ရေလမ်းကြောင်းရှိကျောက်တုံးကြားထဲ အမျိုးသမီးငယ်တစ်ဦးညှပ်နေကြောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

 

▪️ ထို့ကြောင့် ကယ်ဆယ်ထုတ်ယူနိုင်ရန် ကြိုးများဆင်၍ ခဲရာခဲဆစ်အချိန်နှစ် နာရီကြာထုတ်ယူ ဆယ်ယူသော်လည်း  ရေစီးသန်‌ နေသောကြောင့်ထုတ်နိုင်ခြင်း မရှိခဲ့ကြောင်း ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

 

▪️ အဆိုပါ အမျိုးသမီးငယ်၏ Db ရေထဲမျောပါမသွားအောင်ပေါ်နေသော လက်အားကြိုးဖြင့် ချီ‌နှောင်ထားခဲ့ပြီး ရေလမ်းကြောင်း လွဲပေးမှသာ ဆယ်ယူနိုင်မည့်ဖြစ်၍ ယနေ့တွင်  ရွာသားများ၏ အကူအညီဖြင့် ရေလမ်းကြောင်းလွဲ၍ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ‌ေ-သဆုံးသူသည်မုဒုံမြို့‌နေသူအသက်(၁၄)နှစ်အရွယ် မိန်းကလေးဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times