#Local_News
Published 18 July 2024

▪️ မြန်မာ့ရက်ကန်းလက်မှုအနုပညာ အထူးပြပွဲကို နေပြည်တော်ရှိ အမျိုးသားပြတိုက်၌အခမဲ့ဖွင့်လှစ်ပြသပေးနေကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

 

▪️ အဆိုပါ အမျိုးသားပြတိုက်(နေပြည်တော်)၏  (၉) နှစ်ပြည့်အထိမ်းအမှတ် မြန်မာ့ရက်ကန်းလက်မှုအနုပညာအထူးပြပွဲ ဖွင့်လှစ်ပြသခြင်းအား ဇူလိုင်လ ၁၆ ရက်မှ ၂၈ ရက်အထိ ၁၀ ရက် ကြာ အခမဲ့ဖွင့်လှစ်ပြသပေးနေ ခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် ပြပွဲတွင် မြန်မာ့ရိုးရာရက်ကန်းများ ရက်လုပ်ပုံအဆင့်ဆင့်နှင့် အချိပ်ဒီဇိုင်းများ၊ ပုဂံခေတ်နံရံဆေးရေးပန်းချီ ရေးဆွဲခဲ့တဲ့ အဝတ်စများ၊ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုပြ ရုပ်တု၊ ရုပ်လုံးများ၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးကြီး ၈ မျိုးရဲ့ ဝတ်စားဆင်ယင်မှုများ၊ ကြာချည်ရက်လုပ်ပုံများ၊ Eco Print နှင့် ပြုလုပ်ထားသည့် အဝတ်အထည်များကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ တူးဖော်တွေ့ရှိမှု အထောက်အထားများအရ မြန်မာ နိုင်ငံတွင်  လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ငါးရာ-သုံးထောင်ခန့်ကပေါ်ထွန်းခဲ့သည့်  ကြေးခေတ်၊ သံခေတ်ထွန်းကားခဲ့သည့် လူမျိုးစုအဖွဲ့အစည်းများမှာ ချည်ထည်များကို ရက်လုပ်သုံးစွဲခဲ့ကြသည့်  အထောက်အထားပြကွက်၊ ပျူခေတ်တွင်  တွေ့ရှိရသော ဝတ်စားဆင်ယင်မှု အထောက်အထားများအရ ချည်ထည်ရက်လုပ်သုံးစွဲမှု တိုးတက်ထွန်းကားလာခဲ့သည့်  အထောက်အထားများ ပြကွက်၊ ပုဂံခေတ်အဝတ်ပန်းချီများ၊ နံရံပန်းချီများမှ တွေ့ရှိရသော မြန်မာ့ရိုးရာချည်ထည် ရက်လုပ်သုံးစွဲမှု အဆင့်ဆင့်ပြကွက်များ၊ အချိပ်ဒီဇိုင်းများ၊ ကြာချည်ရက်လုပ်ပုံများ၊ စာစည်းကြိုးများ၊ ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယ၊ အင်းဝနှင့် ရတနာပုံခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုပြ ရုပ်တု၊ ရုပ်လုံးရုပ်ကြွများ၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးကြီး ၈ မျိုးတို့ရဲ့ ဝတ်စားဆင်ယင်မှု ပြသထားသည့်  ပြကွက်များပြသထားကြောင်း၊ အမျိုးသားပြတိုက် (နေပြည်တော်)တွင်  အဆောင် ၅ ဆောင် ပါဝင်ကာ ပြခန်း ၁၃ ခန်းကို အများပြည်သူကို ဖွင့်လှစ်ပြသလျက်ရှိကြောင်း သိရသည်။

 

#NN #Yangon_Times