#Local_News
Published 18 July 2024

▪️ လွိုင်ကော်တွင် သီရိမင်္ဂလာဈေးသစ်ကြီးတည် ဆောက်ရန်ရှိပြီးဆိုင်ခန်း(၁၀၉၆)ခန်းနှင့် အစားသောက်တန်း (၅၄)ခန်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ သီရိမင်္ဂလာဈေး အဆင့်မြင့်ဈေးသစ် ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ဇူလိုင်လ(၁၇)ရက်နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များမှ သီရိမင်္ဂလာ အဆင့်မြင့်ဈေးသစ် ဆောက်လုပ်မည့်မြေနေရာအား ပန္နက်တော်တင်ခြင်း၊ အမွေးနံ့သာရည်များ ပက်ဖျန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

▪️ အဆိုပါ သီရိမင်္ဂလာအဆင့်မြင့်ဈေးကြီးကို (၁)ထပ်ဆိုင်ခန်း (၃၀၀)ခန်း၊ (၈)ခန်းတွဲ (၆၇၂)ခန်း၊ (၆)ခန်းတွဲ (၁၂၄)ခန်း၊ အစားသောက်တန်း (၅၄)ခန်းတို့ဖြင့် အဆင့်မြင့်ဈေးသစ်ကြီးအဖြစ် အမြန်ပြန်လည်တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

▪️ သီရိမင်္ဂလာ(ယာယီ) ဈေးဆောက်လုပ်ပေးနေမှု အခြေအနေများနှင့် ဈေးဖွင့်လှစ်ရောင်းချနေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးရောင်းချလျက်ရှိသည့် ဈေးသူ၊ ဈေးသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားကာ ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များ ရောင်းချနိုင်ရေး၊ ဈေးပရိဝုဏ်အတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

 

#tthl #Yangon_Times