#Local_News
Published 17 July 2024

▪️ ယခုလ ၁၀ရက်ကျော်ကာလအတွင်း ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် ဆေးရုံတက်ရောက်ကုသသူ လူနာ(၈၀၀)ကျော်အထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ ယမန်နေ့(တစ်ရက်အတွင်း)လူနာသစ် (၇၄)ဦးထိရှိခဲ့ရာ(၁၀)ရက်တာကာလအတွင်း ဆေးရုံတက်ကုသရသည့်ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားသူ လူနာ(၈၅၃)ဦးထိရှိခဲ့ကြောင်း သိရသည်။

 

▪️ ရန်ကုန်တိုင်းဒေသကြီးရှိဆေးရုံများ၌ ဝမ်းပျက်ဝမ်းလျော ရောဂါဖြင့်ဆေးရုံ တက်ရောက်ကုသသူ လူနာဦးရေမှာ ဇူလိုင်၆ ရက်တွင် လူနာသစ် (၆၃) ဦး ၇ ရက်တွင် လူနာသစ် (၄၄)ဦး၊ ၈ရက်တွင်လူနာသစ်(၆၀)ဦး၊ ၉ ရက်တွင် လူနာသစ် (၆၄)ဦး၊ ၁၀ ရက်တွင်လူနာသစ် (၁၁၅)ဦး၊ ၁၁ ရက်တွင် လူနာသစ် (၈၄)ဦး၊ ၁၂  ရက်တွင် လူနာသစ် (၁၀၄)ဦး၊ ၁၃  ရက်တွင် လူနာသစ်  (၇၂)ဦး ၊၁၄  ရက်တွင် လူနာသစ် (၇၇)ဦး ၊ ၁၅  ရက်တွင် လူနာသစ် (၉၆)ဦး၊ ၁၆ရက်တွင်လူနာသစ် (၇၄)ဦးရှိကြောင်း သိရသည်။

 

▪️ ထို့ကြောင့် ဇူလိုင် ၆ ရက်မှ ၁၆ ရက် အထိဆေးရုံ တက်ရောက်သူ ၈၅၃ ရှိခဲ့ပြီး ပြန်ဆင်းသူ ပေါင်း(၇၀၅)ဦးထိရှိခဲ့ကြောင်း သိရသည်။

 

▪️ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်နေကြောင်း၊ လက်ရှိတွင်မူစာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ ပရဟိတဂေဟာများ၊ သင်တန်းကျောင်းများ၊ ဘော်ဒါဆောင်များ၊ ဈေးများတွင်လည်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ကျန်းမာရေး အသိပညာပေးခြင်း၊ ပိုစတာများ ကပ်၍ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#NN #Yangon_Times