ဆေးကုမ္ပဏီတွေကနေပြည်သူတွေ လိုအပ်နေတဲ့ဆေးဝါးတွေကို တိုက်ရိုက်ရောင်းချပေးမှု ဒီကနေ့ ရန်ကုန်မြို့မှာစတင်‌ ရောင်းချပေးနေပြီလို့ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MCCPMD) ကနေ ထုတ်ပြန်လာပါတယ်။
“ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲ”ကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်မှာရှိတဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးဌာန အဆောက်အဦးမှာ ဒီကနေ့ ဇူလိုင်လ ၁၇ ရက်ကစပြီး ပြုလုပ်သွားမှာပါ။
#Local_News
Published 17 July 2024
#ဆေးပစ္စည်းလုပ်ငန်းရှင်များ #တိုက်ရိုက်ရောင်းချမှုစတင်
#NN #Yangon_Times