#Local_News
Published 16 July 2024

▪️ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ  အိပ်ပျက်တာတမံကျိုးပေါက်မှုမရှိစေရေး ကြိုတင်ကာကွယ်မှုများပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ထိုသို့ဆောင်ရွက်ရာတွင်  အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အိပ်ပျက်တာတမံကျိုးပေါက်မှုမရှိစေရေးအတွက် ဇူလိုင်၁၅ ရက်နေ့၊ ညနေ ၄နာရီခွဲ အချိန်မှစ၍ ဟင်္သတခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တာဘောင်ကြံ့ခိုင်ရေးလုပ်ငန်းများဖြစ်သော တာရေသွင်းခြင်း၊ တာဘောင်ခွေခြင်း၊ ကျောက်စီခြင်း၊ ကျောက်အိတ်ချခြင်းနှင့် တာဘောင်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

#NN #Yangon_Times