#Local_News
Published 16 July 2024

▪️ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား မြန်မာနိုင်ငံဗဟိုဘဏ်မှ Fx Trading Platform မှတစ်ဆင့် တရုတ်ယွမ် (၅)သန်းကို ဇူလိုင် (၁၅) ရက်တွင် ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

 

▪️ နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန်နှင့် ဈေးကစားမှုမရှိစေရန်အတွက် ဗဟိုဘဏ်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Fx Trading Platform မှတဆင့် ဇူလိုင်လ (၁၀) ရက်တွင် ဒေါ်လာ (၅) သန်းကို ထုတ်ရောင်းပေးခဲ့ပြီးယခုအခါ ဒုတိယအကြိမ် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။

 

▪️ ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်းတဖြည်းဖြည်းမြင့်တက်လာသည့်အတွက် ဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်း Online Trading Platform မှတဆင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များအတွက် ဒေါ်လာများဆက်တိုက်ထုတ်ရောင်းပေးနေပြီး ဇူလိုင်လ (၄) ရက်တွင်လည်း စားသုံးဆီ၊ ဆေးဝါးပစ္စည်း၊ ဓာတ်မြေဩဇာ တင်သွင်းသူများအား ဒေါ်လာ ၅ ဒသမ ၄ သန်းထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

 

▪️ ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအဆင်ပြေစေရန် လစဉ် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များကို အဓိက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

#tthl #Yangon_Times