#Local_News
Published 15 July 2024


▪️ပထမဆု ဒေါ်လာ ၃၅၀၀ ရရှိမည့် ထိုင်းသီချင်းဆိုပြိုင်ပွဲ T-Pop Star Challenge, Myanmar ကို မြန်မာနိုင်ငံသားများ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ယခုဇူလိုင်လကုန်အထိ ပေးပို့ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ သိရသည်။

 

▪️ အဆိုပါ T-Pop Star Challenge ကိုထိုင်းနိုင်ငံ၏ အကြီးမားဆုံး သီချင်းနှင့် စီးရီးထုတ်လုပ်ရေး ကုမ္ပဏီများဖြစ်သည့် GMM Grammy နှင့်GMMTVများ၏ အထောက်အပံ့နှင့်အတူ ထိုင်းသံရုံး၊ရန်ကုန်မှ စီစဉ်ကျင်းပပေးခြင်းဖြစ်သည်။

 

▪️ သီချင်းဆိုပြိုင်ပွဲတွင် ဆုရရှိသူများကိုGrand Prize - ငွေသား USD 3,500 နှင့်ဆုတံဆိပ်၊
 1st Runner Prize: ငွေသား USD 1,600၊
2nd Runner Prize: ငွေသား USD 1,000၊
3rd Runner Prize: ငွေသား USD 700၊
Top 5 - 12 Prizes (8 prizes)ငွေသား USD 400 တွေရရှိသွားမည်ဖြစ်သည်ဟုဆိုသည်။

 

▪️ ပြိုင်ပွဲဝင်မည့် သီချင်းဗွီဒီယိုကို ဇူလိုင်လ (၃၁)ရက်၊ ၂၀၂၄ အထိ www.tpopstar.com သို့ ပေးပို့ ယှဉ်ပြိုင်နိုင်ပြီး အသေးစိတ်စည်းကမ်းချက်များကို www.tpopstar.com မှာ လေ့လာဖတ်ရှုနိုင်သည်ဟု ဖော်ပြထားသည်။

 

▪️ ယင်းပြိုင်ပွဲသည်၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့ထိ Junction City မှာကျင်းပမည့် ထိုင်းနိုင်ငံ၏ထုတ်ကုန်တွေ၊ ထိုင်းဖက်ရှင်များ၊ ထိုင်းရုပ်ရှင်များနှင့်ထိုင်းတေးဂီတတွေပါဝင်သည့် “Thai Festival 2024 in Yangon “ပွဲကြီးရဲ့တစ်စိတ်တဒေသဖြစ်ပြီး မြန်မာပြည်သူတွေအတွက် ပျော်ရွှင်ကြည်နူးမှုတွေဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီးက အလေးပေးပြောကြားခဲ့သည်။

 

▪️ ယင်းပြိုင်ပွဲတွင် အဆိုတော်ဝိုင်းလေး၊ အုပ်စိုးခန့်တို့ကလည်း အကဲဖြတ်ဒိုင်အဖြစ်ပါဝင်ထားကြမည်ဖြစ်ကြောင်းနှင့် ဆန်ကာတင်ပြိုင်ပွဲဝင် ၁၂ ဦးကို ဩဂုတ်လ (၁၀) ရက်၊ ၂၀၂၄ မှာကြေညာပေးမည် ဖြစ်ကြောင်း၊Junction Cityတွင်September 28, 29 ရက်များတွင် Semi Final နဲ့ Final ကျင်းပရန်ရှိကြောင်း သိရသည်။

 

#tthl #Yangon_Times