#Local_News
Published 15 July 2024


▪️ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် ပန်လော့ရွာအနီး၌ ယနေ့ မနက်ပိုင်းက အိမ်စီးကားနှင့် ၁၀ဘီးကားတိုက်မိ၍ ကားမီးလောင်ပြီး ကလေးငယ်များအပါဝင်ခြောက်ဦး ‌ေ-သဆုံးခဲ့ကြောင်းပရဟိတအသင်းများနှင့်ဒေသခံများထံမှ သိရသည်။

 

▪️ ယနေ့မနက် (၈)နာရီခန့်တွင် ကျိုင်းတုံမြို့နယ် ပန်လော့ရွာအနီး၌ ကုန်တင် ၁၀ဘီးကား တစ်စီးနှင့် အိမ်စီးကားတစီး ယာဉ်တိုက်မူဖြစ်ပွါးရာမှ မီးလောင်ကာ အိမ်စီးကားပေါ်မှ ပါလာသူ
မိသားဟုယူဆရသူ ကျား ၄ဦး မ၂ဦး နေရာမှာပင် သေဆုံးသွားခဲ့ပြီး ၁၀ဘီးကားပေါ်မှ ယာဉ်မောင်းဖြစ်သူနှင့် စပယ်ယာအား ထိခိုက်ဒဏ်ရာများနှင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

 

▪️ အဆိုပါ အခင်းဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့များ၊ လူနာတင်ယာဥ်များ၊ နာရေးကူညီမှုအသင်းကားများဖြင့်သွားရောက်ကူညီ ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

 

#NN #Yangon_Times