#Local_News
Published 15 July 2024


▪️ ထိုင်းဘုရင်မင်းမြတ်၏မွေးနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပနေသည့် နိုင်ငံတကာရာမာယဏပွဲတော်တွင် မြန်မာပါဝင်ဖျော်ဖြေနေ‌ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၏ထုတ်ပြန်ချက်အရ သိရသည်။

 

▪️ ထိုင်းဘုရင်မင်းမြတ် ၏ (၇၂) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့်နိုင်ငံတကာ ရာမာယဏပွဲတော်တွင် မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ ရာမာယဏပညာရပ်ဆိုင်ရာ ကော်မတီမှ သဘင်အနုပညာရှင်များ နှင့်ရာမာယဏပညာရှင်များတက်ရောက်ဖျော်ဖြေတင်ဆက်ကြကြောင်းနှင့် တင်ဆက်ကပြသည့် ပုံများရိုက်ကူးဖော်ပြထားသည်။

 

▪️ မြန်မာနိုင်ငံအနေဖြင့် မြန်မာ့ဆိုင်းအပါအဝင် ရာမယဏနှင့် ပတ်သက်သည့် ထိန်းသိမ်းထားရှိမှုများ၊ ဝတ်စားဆင်ယင်မှုများနှင့် ဖျော်ဖြေတင်ဆက်မှုများကို ကမ္ဘာ့နိုင်ငံများမှ သိရှိစေရန်ရည်ရွယ်တင်ဆက် ခြင်းဖြစ်သည်။

 

▪️ အဆိုပါပွဲတော်တွင်အိမ်ရှင် ထိုင်းနိုင်ငံနှင့်အတူအိန္ဒိယ၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့မှ ရာမာယဏ အနုပညာရှင်များတက်ရောက် ပါဝင်တင်ဆက်ကြမည်ဖြစ်ကြောင်း သိရသည်။

 

Photo Credit- မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ Htet Zaw Aung

#tthl #Yangon_Times