#Local_News
Published 13 July 2024


▪️ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်လျက်ရှိသော နေအိမ်များအားကူညီကယ်ဆယ်မှုများပြုလုပ်လျှက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဇူလိုင်၁၃ ရက်နေ့၊ မနက် ၈ နာရီ အချိန်က မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ညောင်လှေဆိပ်ကမ်းအနီးရှိ နေအိမ်များသို့ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်လျက်ရှိသော နေအိမ်များရှိ အသုံးအဆောင်ပစ္စည်းများအား ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ပြောင်းရွှေ့နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times