#Local_News
Published 13 July 2024

▪️ တောင်ကိုရီးယားနိုင်ငံ  Gunsun မြို့၌ ယခုလအတွင်း ပြုလုပ်မည့်၂၀၂၄ ကမ္ဘာ့ယဉ်ကျေးမှုအကပွဲတော်၌ မြန်မာအကအဖွဲ့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း  တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။ 

 

▪️ အဆိုပါကပွဲကို Gunsan မြို့၊ Jeonju Indoor Stadium ၌ ဇူလိုင်လ ၁၉ ရက်၊ ညနေ ၇ နာရီခွဲမှာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ ယင်းကပွဲအား အပြည်ပြည်ဆိုင်ရာလူငယ်အဖွဲ့ ယဉ်ကျေးမှုအကပွဲတော် ကြိုတင်ပြင်ဆင်ရေးကော်မတီ (International Youth Fellowship- IYF Cultural Dance Festival Preparation Committee) ကကြီးမှူးကာ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ၎င်းတို့၏  ရိုးရာယဉ်ကျေးမှုအကများဖြင့်  ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှအကအဖွဲ့လည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့ကြောင့် Gunsan မြို့တွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများအနေဖြင့်  အဆိုပါအကပွဲတော်သို့ လာရောက် အားပေးလိုပါက ကြည့်ရှုခွင့်နှင့် မော်တော်ယာဉ်နဲ့ ပို့ဆောင်ပေးခြင်းတို့ကို အခမဲ့ ခွင့်ပြု/စီစဉ်ပေးမည်ဖြစ်ကြောင်း ၂၀၂၄ ကမ္ဘာ့ယဉ်ကျေးမှုပွဲတော် Gunsan ရုံးခွဲ (2024 World Cultural Festival Gunsan branch) မှ ဖိတ်ကြားထားကြောင်း သိရသည်။

 

#YMG/ NN #Yangon_Times