#Local_News
Published 12 July 2024

▪️ ဧရာဝတီတိုင်း‌ ဒေသကြီးမှထွက်ရှိသည့် ပုစွန်များကို ရန်ကုန်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့တင်ပို့ လျှက်ရှိကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

 

▪️ ဟိုင်းကြီးကျွန်းအပါအဝင် ‌ဧရာဝတီတိုင်းရှိ ကျေးရွာများမှ ရေချို၊ ရေငန်ပုစွန်များအား ပုသိမ်မှ တစ်ဆင့်ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးဈေးသို့ နေ့စဉ်တင်ပို့ရောင်းချနေကြောင်း သိရသည်။

 

▪️ "ရေချို၊ ရေငန် ပုစွန်တွေကို ပုသိမ်ကို တင်ပို့တဲ့အခါမှာ ကားနဲ့အဓိကတင်ပို့နေတယ်၊ အဲ့ဒီကတစ်ဆင့်ရန်ကုန်ကိုပြန်ပို့ကြတာ၊ ရန်ကုန်ငါးဈေးတွေကနေ နိုင်ငံခြားပို့မယ့်သူတွေက ဝယ်ပြန်ပို့ပေါ့၊ သူတို့ကကျတော့  ဂရမ်၂၀၀ အထက်နဲ့  ဂရမ် ၂၅၀ အထက်ပုစွန်‌တွေ ဝယ်ယူတာများတယ်"ဟု ဟိုင်းကြီးကျွန်းမြို့နယ်မှ ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

 

▪️ ရေချို၊ရေငန် ပုစွန်များအား ထိုင်း၊ စင်္ကာပူ၊  ဂျပန်နှင့် ဥရောပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

 

▪️ လတ်တလောတွင် ဂရမ် ၂၅၀ အထက်ပုစွန်ဈေးမှာ တစ်ပိဿာလျှင် ၈၅,၀၀၀ ကျပ်၊ ဂရမ် ၂၀၀ အထက်တစ်ပိဿာလျှင် ၆၅,၀၀၀ ကျပ်၊ ဂရမ် ၅၀ မှ ဂရမ် ၁၀၀အတွင်း တစ်ပိဿာလျှင်ကျပ်  ၅၀,၀၀၀ မှ ၆၀,၀၀၀ ကျပ် ဝန်းကျင်အထိဈေးနှုန်းအသီးသီးရရှိနေကြောင်း သိရသည်။

 

#YMG/ NN #Yangon_Times