#Local_News
Published 12 July 2024


▪️ မြန်မာကွန်ပျူတာတက္ကသိုလ်ကျောင်းသားများအတွက်  ပထမဆုံးအလုပ်သင်ပရိုဂရမ်စတင်အကောင်အထည်ဖော်လျက်ရှိပြီး  အိန္ဒိယနိုင်ငံ အသိအမှတ်ပြုပညာသင်ဆုများလည်း‌ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ မြန်မာကျောင်းသားများအတွက် Digital Talent & Career Fair/ Scholarship Program (India) အစီအစဉ်ကိုစတင်အကောင်အထည်ဖော်ကြမည်ဖြစ်သည်။

 

▪️ အဆိုပါအစီအစဉ်သည် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနဌာနနှင့် မြန်မာနိုင်ငံဒစ်ဂျစ်တယ် စီးပွား ရေးလုပ်ငန်းရှင်များအသင်း (Myanmar Digital Economy Association- MDEA) တို့ ပူးပေါင်း ဆောင်ရွက်သည့် ပထမဆုံးသော University- Research-Industry (URI) Model ဖြစ်ပြီး ကွန်ပျူတာတက္ကသိုလ်များမှ နောက်ဆုံးနှစ် ကျောင်းသားများအကြား ဒစ်ဂျစ်တယ်စွမ်းရည်များကို မြှင့်တင်သည့် သုံးလကြာ Internship Program ဖြစ်သည်။ 

 

▪️ ယင်းတွင်နိုင်ငံ၏ ဒေသအသီးသီးမှ ကျောင်းသား ၈၃ ဦးကို ငွေကြေးကူညီထောက်ပံ့ခြင်းနှင့် ထူးချွန်ကျောင်းသား ၁၀ ဦးကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာန၌ ဖွင့်လှစ်သော အိန္ဒိယနိုင်ငံအသိအမှတ်ပြု Professional Diploma in Java Programming Course တက်ရောက်ရန် ပညာသင်ဆုချီးမြှင့်ခြင်းတို့ ပါရှိသည်။

 

▪️ ယင်းအလုပ်သင်ကာလ သုံးလအတွင်း၌ ကျောင်းသားများ၏ စိတ်ပါဝင်စားမှု၊ ကျောင်းသားများအတွက် အရည်အသွေးဖြည့်ဆည်းရန် လိုအပ်မှု တို့အလိုက် ဆော့ဖ်ဝဲဖွံ့ဖြိုးတိုးတက်မှု (Software Development)၊ ကွန်ရက်ချိတ်ဆက်မှုဖွံ့ဖြိုးတိုးတက်ရေး (Networking Development) နှင့် ဉာဏ်ရည်တု AI (Artificial Intelligence) အယူအဆများဖြင့် IoT တွင် အသုံးချခြင်းဆိုင်ရာ လက်ဆင့်ကမ်းအတွေ့အကြုံများကို မျှဝေပေးမည်ဖြစ်သည်။

 

▪️ အခမ်းအနားတွင် အလုပ်သင်ကျောင်းသားများအတွက် အလုပ်အကိုင်အခွင့် အလမ်းပေးသည့်ကုမ္ပဏီ ၁၀ ခုမှ ပြခန်းများပါရှိပြီး အလုပ်အကိုင်အခွင့်အလမ်းအတွက် အင်တာဗျူးများနှင့် Professional Diploma in Java Programming Course (India) အတွက် ပညာသင်ဆုအခွင့်အလမ်းများ စီစဉ်ထားရှိသည်။ 

 

▪️ အလုပ်သင်ပရိုဂရမ်သည် ပထမဆုံးအကြိမ် စတင်အကောင်အထည်ဖော်ခြင်းဖြစ်ပြီး စဉ်ဆက်မပြတ် စီစဉ်အကောင်အထည်ဖော်မည်ဖြစ်ကာ မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေး (Digital Economy) ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

 

▪️ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာန၌ Digital Talent & Career Fair/ Scholarship Program (India) အစီအစဉ်ဖွင့်လှစ်ခြင်းကိုရန်ကုန်မြို့ ပါရမီလမ်းရှိ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာန၌ ကျင်းပခဲ့ကြောင်းနှင့်

 

▪️ အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် MDEA ဥက္ကဋ္ဌတို့က အမှာစကား ပြောကြားခဲ့‌‌ကြောင်း သိရသည်။

 

#tthl#Yangon_Times