#Local_News
Published 12 July 2024

▪️ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာ ၊ သန်လျင် -ကျောက်တန်းလမ်းတွင် ယာဉ်(၁)စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဇူလိုင် ၁၁ ရက်နေ့၊ နေ့လယ် ၂နာရီ အချိန်ခန့်က  ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာ ၊ သန်လျင် -ကျောက်တန်းလမ်းတွင် ယာဉ်(၁)စီးမီးလောင်နေကြောင်း သတင်းရရှိသဖြင့် ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှ  မီးငြှိမ်းသတ်ယာဥ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာခဲ့ငြှိမ်းသတ်ခဲ့ရာ ၂နာရီ  ၁၀မိနစ်အချိန်၌  မီးငြှိမ်းခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times