#Local_News
Published 11 July 2024


▪️ ရန်ကုန်တိုင်းရှိ တာမွေနှင့်ရွှေပြည်သာမြို့နယ်များမှ အခြေခံပညာကျောင်းများနှင့်ဘုန်းကြီးကျောင်းများ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်မှုများ‌ ဆောင်ရွက်
ပေးနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

▪️ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည် ရန်ကုန်မြို့တွင် ယခုမိုးရာသီ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများပြားလာခြင်းကြောင့် တာမွေမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းကမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးမှကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ မြို့နယ်အတွင်းရှိ မေတ္တာညွန့်ရပ်ကွက်၊ မစိုးရိမ်ကျောင်းတိုက်၊ မြို့သစ်ကျောင်းတိုက်၊ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ မင်္ဂလာသုခပါဠိကျောင်းတိုက်ဝင်းပတ်ဝန်းကျင်အား ကလိုရင်းဆေးခတ်ခြင်း၊ ဆေးဖျန်းခြင်း၊ ပြင်းထန်ဝမ်ပျက်ဝမ်းလျောရောဂါကာကွယ်ရေးအကြောင်းကျန်းမာရေးပညာပေး ပိုစတာများကပ်ခြင်း၊ ပညာပေး လက်ကမ်းစာစောင်များပေးဝေခြင်းတို့အားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

▪️ ထို့အပြင် ရွှေပြည်သာမြို့နယ်၊ ‌အမှတ် (၆)ရပ်ကွက်အတွင်းရှိဘုန်းတော်ကြီးကျောင်း(၇၄) ကျောင်း၊ မယ်သီလရှင် ကျောင်း(၁၆)ကျောင်းတို့တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများနှင့် ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ၊ဝမ်း ပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက်ရေသုံးစွဲသောနေရာများရေတုံကင်များတွင် ကလိုရင်းဆေးခတ်ခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ၊ နံရံကပ်စာ‌စောင်များပေးဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

▪️ ထို့အပြင် မင်္ဂလာဒုံ၊ ဗိုလ်တစ်ထောင်နှင့်ဒေါပုံမြို့နယ်၌လည်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်မှုများ‌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

#YMG/NN #Yangon_Times