#Local_News
Published 11 July 2024

▪️ နယ်စပ်ကုန်သွယ်ရေးပုံစံအသစ် စနစ်အသစ်ဖြင့်  ရန်ကုန် - ကော့သောင်း - ရနောင်း(ထိုင်း)သို့ ကွန်တိန်နာသင်္ဘောဖြင့် ကုန်သွယ်မှုစတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

 

▪️ ရန်ကုန်တိုင်းဒေသကြီး အလုံဆိပ်ကမ်းမှ ထွက်ခွာလာသော ကွန်တိန်နာသင်္ဘောကြီးမှာ ဇူလိုင် ၈ ရက်က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ဆိပ်ကမ်းသို့ ဆိုက်ကပ် Check Point ပြခဲ့ပြီး ထိုင်းနိုင်ငံရနောင်းမြို့သို့ ကုန်စည်ပို့ဆောင်ရန် ဆက်လက်ထွက်ခွာသွားခဲ့သည်ဟုဆိုသည်။

 

▪️ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံရနောင်းမြို့သို့ နယ်စပ်ကုန်သွယ်ရေး (Border Trade Method) စနစ်ဖြင့် ရောက်ရှိလာသည့်အဆိုပါ ကုန်တင်သင်္ဘောမှာ ကော့သောင်းမြို့ဆိပ်ကမ်းတွင် Check Point အစစ်ဆေးခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ လက်ရှိတွင် မြဝတီ၊ ဘုရားသုံးဆူ၊ ကယား ပြည်နယ်၊ နယ်စပ်ကုန်သွယ်ရေးအခြေအနေမှာ ဆိုင်းငံ့ထားကြောင်း၊ ရေကြောင်းခရီးကို အသုံးပြုပြီးကွန်တိန်နာစနစ်ဖြင့် သွားရန်ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

▪️ ပုံစံအသစ်စနစ်အသစ်ဖြင့် ဆောင်ရွက်ခဲ့သည့် ကွန်တိန်နာသင်္ဘောကြီးမှာ အိန္ဒိယသင်္ဘော MV - BEYPORE SULTAN ဖြစ်ကာ သန့်စင်ပြီး ခဲသတ္တု ၉၉ တန်ပါ ကွန်တိန်နာ လေးလုံး၊ ပြောင်းဆန်တန် ၁၃၀၀ ပါ ကွန်တိန်နာ ၅၂ လုံးတို့ကို သယ်ဆောင်ကာ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ကော့သောင်းမြို့ဆိပ်ကမ်းသို့ ဇူလိုင် ၇ ရက် ညတွင် ရောက်ရှိခဲ့ပြီးနောက် ဇူလိုင် ၈ ရက်တွင် အစစ်ဆေးခံကာ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း၊

 

▪️ ထိုင်းနိုင်ငံမှ ကုန်စည်တချို့ ပြန်လည်တင်ဆောင်ကာ ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ကုန်စည် ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ ကုန်သွယ်ရေးပုံစံအသစ် စနစ်အသစ်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန် ၂၉ ရက်က တနင်္သာရီ တိုင်းဒေသကြီးမြိတ်မြို့ ပုလဲသန္တာဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာ - ထိုင်းဒေသအဆင့် နယ်ခြားကော်မတီအစည်းအဝေးမှရရှိခဲ့သော ရလဒ်တစ်ခုဖြစ်ကြောင်း သိရသည်။

 

#tthl #Yangon_Times