#Local_News
Published 10 July 2024


▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၌ ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ဝရိန်ဆော်သူအမျိုးသား(၁)ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းများမှ သိရသည်။

 

▪️ ဇူလိုင် ၁၀ရက်နေ့၊ နေ့လယ် ၁နာရီ ၂၀ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၇၇ ရပ်ကွက်၊ ပဲခူးမြစ်လမ်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ Foam မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ ဆီဘောက်ဆာအားဝရိန်ဆော်ရာမှပေါက်ကွဲမှုဖြစ်ပွါးမှု ဖြစ်စဉ်ကြောင့် ဝရိန်ဆော်သူအမျိုးသား(၁)ဦး‌ေ_သဆုံးပြီး ရှင်သန်ခွင့်လူမှုကူညီရေးအသင်းယာဉ်ဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

 

#YMG/ NN #Yangon-Times