#Local_News
Published 10 July 2024

▪️ ပခုက္ကူမြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းဘေးရှိ နေအိမ်များ ရေဝင်ရောက်ခြင်းကြောင့် ကူညီကယ်ဆယ်ရေးများလုပ်ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။

 

▪️ ဇူလိုင် ၁၀ရက်နေ့၊ မနက်၉ နာရီ အချိန်ခန့်က ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၁၊ ၁၀၊ ၁၄)ရပ်ကွက်၊ ကမ်းနားလမ်း၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ရေဝင်ရောက်လျက်ရှိသော နေအိမ်များအား ပခုက္ကူမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား ပြောင်းရွှေ့နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times