#Local_News
Published 10 July 2024


▪️ သာကေတမြို့နယ် ၁/အနော်မာရပ်ကွက်တပ်ဖွဲ့လမ်းတွင်  ယနေ့ဇူလိုင်(၁၀)ရက်၌နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

 

▪️ မီးလောင်မှုဖြစ်စဉ်တွင် အသက်(၈)နှစ် ဝန်းကျင်ခန့် ကလေးတစ်ဦးအသက်ဆုံးရှုံးခဲ့သည့်အတွက် အောင်နိုင်သူလူမှုကူညီရေးအသင်းယာဥ်ဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီခဲ့သည်ဟုဆိုသည်။

 

▪️ ဖြစ်စဉ်မှာ ဇူလိုင်(၁၀)ရက် မနက် 07:21 အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၁/အနော်မာရပ်ကွက် တပ်ဖွဲ့လမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း ၊

 

သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သာကေတမြို့နယ်မီးသတ်ဦးစီးဌာန၊အရှေ့ပိုင်းခရိုင်မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်းထွက်ခွာပြီး ရေဘောက်ဆာအကူအညီပေးခြင်း၊ Medical Cover ပေးခြင်း၊ မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းကူညီပေးခြင်း စသည်တို့အား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း 07:24 အချိန် မီးထိန်းပြီး 07:25 အချိန် မီးငြိမ်းကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

#tthl #Yangon_Times