#Local_News
Published 10 July 2024


▪️ ရန်ကုန်မြစ်၊ လှိုင်မြစ်အတွင်း သဗ္ဗာန်‌တိမ်းမှောက်ခဲ့ပြီး ရေယာဉ်ပေါ်ပါရှိသူ (၁၇)ဦးအနက် (၈)ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး (၉)ဦးကိုဆက်ရှာနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

 

▪️ ထုတ်ပြန်ချက်တွင် ၁၀.၇.၂၀၂၄ ရက်နေ့၊ ၀၈ ၁၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ရန်ကုန်မြစ်အတွင်း၊ ဗားကရားဆိပ်ကမ်းမှ ရေမိုင်(၅)ဖာလုံခန့်အကွာတွင် သမ္ဗာန်(၁)စီးတိမ်းမှောက်မှုဖြစ်ပွားကြောင်း၊

 

▪️ အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ 191 ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ သူနာတင်ယာဉ်(၁)စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

 

▪️ လတ်တလောတွင် ရေယာဉ်ပေါ်ပါရှိသူ (၁၇)ဦးအနက် (၈)ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

▪️ ရန်ကုန်မြစ်အတွင်း အဆိုပါရေယာဉ်ပေါ်၌ကြည့်မြင့်တိုင်တဖက်ကမ်းမှ ကျောင်းသား /သူ နှင့်လူအချို့လိုက်ပါစီးနင်းလာကြောင်း သိရသည်။

 

#tthl #Yangon_Times