#Local_News
Published 9 July 2024

▪️ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်သုံးလတာအတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၄၈ ခုကိုခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

 

ဧပြီလမှ ဇွန်လအထိ သုံးလတာအတွင်း နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခုကို ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် အမေရိကန်ဒေါ်လာ ၁၄၇ ဒသမ ၉၉၉ ‌သန်း လုပ်ငန်းဆောင်ရွက်ခွင့် စိစစ်ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၂၉ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၂၁၅ ဒသမ ၀၆၀ ဘီလီယံ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

 

▪️ ပြည်ပရင်းနှီးမြှုပ်နှံမှုအများဆုံး ဝင်ရောက်ရာတွင် စင်္ကာပူနိုင်ငံကရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ  ၈၄ ဒသမ ၀၁၉ သန်းဖြင့်အများဆုံး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ရင်းနှီးမြှုပ်နှံ မှု  အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၆၅၉ သန်းဖြင့်ဒုတိယအများဆုံး၊  အင်ဒိုနီးရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၈၉၂ သန်းဖြင့်တတိယအများဆုံးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ 

 

▪️ ထို့အပြင် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၆၆ သန်း ဖြင့် အများဆုံး၊ စက်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၁၂၆ သန်းဖြင့် ဒုတိယအများဆုံး၊  မွေးမြူရေးနှင့်ပတ်သက်သည့် လုပ်ငန်းများမှာတတိယအများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၈၈ ဒေါ်လာ သန်းဖြစ်ကြောင်း ၊၂၀၂၃-၂၄ ဘဏ္ဍာနှစ်၏ ကာလတူနှင့် နှိင်းယှဉ်ပါက ယခုနှစ်တွင်  ရင်းနှီးမြှုပ်နှံမှု ပမာဏ ပိုမိုတိုးတက်လာကြောင်း သိရသည်။

 

#YMG/ NN #Yangon_Times