#Local_News
Published 09 July 2024


▪️ ပြင်သစ်-ဂျာမန် ရန်ပုံငွေဖြင့် လူငယ်ဖက်ရှင်သင်တန်းဖွင့်မည်ဖြစ်ပြီး  ဖက်ရှင်သင်တန်းအစီအစဉ် (၂)အတွက် သင်တန်းသား(၄)ဦး ထပ်မံ ခေါ်ယူမည်ဖြစ်ကြောင်းသိရသည်။

 

▪️ Goethe-Institut Myanmar နှင့် Institut français de Birmanie (ပြင်သစ်ယဉ်ကျေးမှုဌာန)တို့ ပူးပေါင်းပြုလုပ်သည့် ဖက်ရှင်သင်တန်းအစီအစဉ် (၂) အတွက် စတင်လျှောက်ထားနိုင်ပြီ ဖြစ်သည်ဟုဆိုသည်။

 

▪️ ဒီဇိုင်းပိုင်း၊ ဖန်တီးချုပ်လုပ်မှုပိုင်း၊ ချုပ်ထည်ရောင်းချမှုပိုင်းများအတွက် လိုအပ်သည့် အထောက်အပံ့များ ပေးအပ်၍ သင်တန်းပြီးစီးသည့်အခါ ကိုယ်ပိုင်အမှတ်တံဆိပ်များ တီထွင်ဖန်တီးနိုင်ရန် ရည်ရွယ်ချက်ဖြင့် သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။


 
▪️ လျှောက်ထားလိုသူများအနေဖြင့် ပညာရေးအနည်းဆုံး အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်သူ၊ ဖက်ရှင်ဆိုင်ရာ အခြေခံဘာသာရပ်များဖြစ်သည့် fashion design၊ garment construction နှင့် textiles တို့ကို ပြီးစီးတတ် မြောက်ထားသူ ဖြစ်ရမည်ဖြစ်သည်။


 
▪️ ယင်းအပြင် အင်္ဂလိပ်ဘာသာစကားကို Intermediate အဆင့် ကျွမ်းကျင်သူ ဖြစ်ရမည်ဖြစ်ပြီးကျား/မ Pattern Making နှင့် Sewing ၌ Intermediate အဆင့် ကျွမ်းကျင်သူ၊ ဖက်ရှင်နယ်ပယ်၌ အတွေ့အကြုံ (၃) နှစ်မှ (၄) နှစ် ရှိထားသူ ဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။

 

▪️ လျှောက်ထားရမည့် ရက်မှာ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၅) မှ (၁၄)ရက်အထိဖြစ်‌ပြီးလျှောက်ထားရန် အီးမေးThis email address is being protected from spambots. You need JavaScript enabled to view it. ကို လျှောက်ထားနိုင်ကြောင်း သိရသည်။

 

#tthl #Yangon_Times