#Local_News
Published_9 July 2024


▪️ ကချင် အမျိုးသားကွန်ဂရက်ပါတီ [Kachin National Congress (KNC) နှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (Democracy and Human Rights Party)တို့ကို ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့် ငြင်းပယ်လိုက် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၈ ရက်က ထုတ်ပြန်လိုက်သည်။

 

▪️ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၁၂/၂၀၂၄) ဆုံးဖြတ်ချက် အရ ယင်းပါ တီများ၏ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါ တီများမှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

▪️ ယင်းထုတ်ပြန်ချက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ပေးပါရန် ကချင် အမျိုးသားကွန်ဂရက်ပါတီ [Kachin National Congress (KNC)] ၏ လျှောက် ထားချက်အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက် များနှင့် ညီညွတ်ခြင်းမရှိသောကြောင့် လည်းကောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အ ရေးပါတီ (Democracy and Human Rights Party) ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီး ဌာန များ၏ စိစစ်ပြန်ကြားချက်များ အရ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်များနှင့် ညီ ညွတ်ခြင်းမရှိသောကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

▪️ ပါတီဆက်လက် တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက် လျက် ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

 

#Yangon_Times/PP