#Local_News
Published 8 July 2024


▪️ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်ရှိ မြစ်ထွက်ပေါက်များ၌ အမှိုက်များစနစ်တကျစွန့်ပစ်စေရေး မေတ္တာရပ်ခံချက်ဆိုင်းဘုတ်များတပ်ဆင်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

▪️ ဒေါပုံမြို့နယ် အလင်းရောင်မြစ်ထွက်ပေါက်နှင့် မင်္ဂလာရာမမြစ်ထွက်ပေါက်များအတွင်းသို့ ပြည်သူများစည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကြောင့် မြောင်းများပိတ်ဆို့ပြီးရေကြီးရေလျှံမှုမဖြစ်စေရေးအတွက် "ရေမြောင်းထဲအမှိုက်ပစ်ပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်"စာသားပါအနီရောင် တားမြစ်သတိပေးချက်ဆိုင်းဘုတ်များစိုက်ထူထား ကြောင်းသိရသည်။

 

▪️ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုူး၏ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူများအမှိုက်များစနစ်တကျစွန့်ပစ်စေရန်  ရေမြောင်းထိပ်၌ စိုက်ထူထားသည့် တားမြစ်သတိပေးချက်အနီရောင်ဆိုင်းဘုတ်အောက်၌ "မြို့တော်သန့်ရှင်းသာယာလှပစေရေးနှင့်ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များအားမြောင်းအတွင်းသို့စွန့်ပစ်ခြင်းမပြုရန်နှင့် အမှိုက်များအားသတ်မှတ်နေရာများတွင်ရှိသော အမှိုက်ပုံးများအတွင်းသို့ စွန့်ပစ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်" စာသားပါ မေတ္တာရပ်ခံချက်အပြာရောင်ဆိုင်းဘုတ်များထပ်မံတပ်ဆင်ခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times