#Local_News
Published 08 July 2024

▪️ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ ပန်းတစ်‌ပွင့်‌တောင် သာသနာ့နယ်မြေတွင် ယ‌နေ့ ဇူလိုင်(၈)ရက်၌ 'ပန်းတစ်ပွင့်တောင်တော်မြတ် (၂၇)နှစ်ပြည့်နှစ်ပတ် လည်အခမ်းအနား'ကျင်းပလျက်ရှိကြောင်း သိရသည်။

 

▪️ ၂၀၂၄ခုနှစ် ဇူလိုင်လ(၈)ရက်သည် ဆရာတော်ဘုရားကြီး ပန်းတစ်ပွင့်တောင်သို့ စတင်ရောက်ရှိတဲ့နေ့ဖြစ်သည်ဟုဆိုသည်။

 

▪️ ယခုဆိုလျှင် ပန်းတစ်ပွင့်တောင်တော်မြတ်တွင် သာသနာတော်ထွန်းကားစည်ပင်ခဲ့သည်မှာ (၂၇)နှစ်ပြည့်ပြီဖြစ်ပြီး  ဤနေ့တွင် ဒကာ/ဒကာမ ဥပထမ္ဘကအဖွဲများမှ စုပေါင်း သိက္ခာထပ် ကံဆင့်၊ ကံမြင့် မင်္ဂလာ ပြုလုပ်ကျင်းပမည် ဖြစ်သည်။

 

▪️ သို့ဖြစ်၍ ရပ်ဝေးရပ်နီးမှ ဒကာ/ဒကာမ များ အားလုံးကို ပန်းတစ်ပွင့်တောင်တော်မြတ် အထိမ်းအမှတ်မွေးနေ့ပွဲ သို ကြွရောက်ကြရန် ဖိတ်ကြားထားခဲ့ကြောင်းနှင့် နှစ်ပတ်လည် အခမ်းအနားကျင်းပလျက်ရှိကြောင်း သိရသည်။

 

#tthl #Yangon_Times