#Local_News
Published 06 July 2024

▪️ ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောလူနာနှင့် ဝမ်းလျှော၍ သေဆုံးလူနာများဆေးရုံပို့ဆောင်ပေးရခြင်းရှိကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

 

▪️ သာကေတ၊ ဒေါပုံ၊ ဗိုလ်တထောင်စသည့်မြို့နယ်များမှ ဝမ်းလျှော၍ ဆေးရုံပို့ပေးရသူများ သေဆုံးသူများ ရှိနေသည်ဟုဆိုသည်။

 

▪️ "လူနာငါးယောက်မှာ ၃ယောက်လောက်က ဝမ်းပျက်ဝမ်းလျောဖြစ်နေသို့ သယ်ပေးနေရပါတယ်။ ဝမ်းလျောဝမ်းပျက်လူနာတွေသယ်ဆောင်ပေးနေရတွေများနေပါတယ်။ ဒေါပုံ သဲကုန်းကမ်းနားလမ်းမှာ နှစ်ယောက်လောက်သယ်ပေးရတယ်။ သုံးယောက်လောက်တော့ဆုံးသွားတယ်လို့ ပြောတယ်။ သာကေတမှာတော့ ကာလဝမ်းရောဂါ ကာကွယ်ဆေးထိုးပေးနေပြီတော့ကြားတယ်"ဟု ရန်ကုန်တိုင်း၊ ဗိုလ်တ‌ထောင်မြို့နယ်ရှိလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

▪️ ဝမ်းရောဂါမဖြစ်ပွားအောင် ယင်နားစာနှင့် မသန့်ရှင်းသောအစားအသောက်များကို မစားသောက်ရန်နှင့် လက်သန့်ရှင်းရေး၊ အိမ်သာသန့်ရှင်းရေးများကို အထူးဂရုစိုက်ရန် လိုအပ်‌ကြောင်းနှင့် ဆန်ဆေးရည်ကဲ့သို့ အရည်ကျဲကျဲ ဝမ်းသွားပါက ဆေးရုံသို့ အချိန်မီသွားရောက်ကြရန်လိုအပ်‌ကြောင်း သိရသည်။

 

#tthl #Yangon_Times