#Local_News
Published 06 July 2024


▪️ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းနေ၍ သာကေတ၊ တာမွေနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များတွင် (၄)နာရီကြာ ယာယီဓာတ်အားပြတ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။

 

▪️ ထုတ်ပြန်ချက်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊  230kV သာကေတဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးထားသော 66kV သာကေတ- သီတာ (၁+၂) ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းအား မြို့နယ်စုဖွဲ့အင်အားဖြင့် (၇.၇.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီမှ (၁၄:၀၀)နာရီ အချိန်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

 

▪️ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သာကေတမြို့နယ်၊ တာမွေမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့၏ ရပ်ကွက်နေရာ အချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့်

 

 ▪️ ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့ နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်းရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှအသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

 

#tthl #Yangon_Times