#Local_News
Published 5 July 2024

▪️ လူမှုဖူလုံရေးအကျုံးဝင်လုပ်သားများအား လူမှုဖူလုံရေးဆေးရုံကြီးသုံးရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ရာကျော်ဖြင့်ဝန်ဆောင်မှုပေးနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

 

▪️ ထိုသို့ဝန်ဆောင်မှုပေးရာတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေး စီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးရုံကြီးသုံးရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၆၁ ခန်း၊ စာချုပ်ဆေးခန်း ၆၆ခန်း၊ သားဖွားမီးယပ် ပြင်ပလူနာကုသမှုဆောင်ရွက်သည့် စာချုပ်ဆေးခန်း ၄၅ ခန်း၊ မီးဖွားဝန်ဆောင်မှုဆောင်ရွက်လျက်ရှိသောစာချုပ်ဆေးရုံ၊ သားဖွားခန်း ၁၅ ခန်း၊ တိုင်းရင်းဆေးခန်းတစ်ခန်းတို့ဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌လည်း မြို့နယ်လူမှုဖူလုံရေးဆေးခန်းနှစ်ခန်း၊ ဌာနကြီးဆေးခန်းလေးခန်း၊ စာချုပ်ဆေးခန်း လေးခန်း၊ သားဖွား မီးယပ်ပြင်ပလူနာကုသမှု ဆောင်ရွက်သည့် စာချုပ်ဆေးခန်းသုံးခန်းတို့ဖြင့် ကျန်းမာရေးဝန်ဆောင်မှုများပေးလျက်ရှိပြီး ၂၀၂၄ ခုနှစ်အတွင်း ဒုတိယအကြိမ် စီမံချက်အနေဖြင့် လူမှုဖူလုံရေးအကျုံးဝင်အလုပ်ဌာန ၃၃၄ ဌာနမှ အာမခံအလုပ်သမား ၁၄၅၀၈ ဦးတို့ကို ဩဂုတ် ၆ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times