#Local_News
Published 4 July 2024

▪️ မြန်မာတစ်နိုင်ငံလုံး၌  ဒီရေတော၊ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော ၄၄ ခုရှိကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှသိရသည်။

 

▪️ တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ဒီရေတော၊ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော ၄၄ ခု၊ ၇၁၇,၂ ၃၈ ဧက ဖြင့်   ဖွဲ့စည်းထားပြီးဖြစ်ကာ ၎င်းဧကအတွင်း ဒီရေတော ဧရိယာ ၁ ဒသမ ၁ သန်းကျော်ရှိသည့်အတွက်  ကမ္ဘာပေါ်တွင် သတ္တမမြောက်နှင့် အရှေ့တောင်အာရှတွင် တတိယမြောက် ဒီရေတောအများဆုံး ပိုင်ဆိုင်သောနိုင်ငံဖြစ်ကြောင်း သိရသည်။

 

▪️ ဒီရေတောများသည် ပင်လယ်ပြင် မှ ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များကို တံတိုင်းသဖွယ်ကာကွယ်ပေးနိုင်သည့်အပြင် လယ်ယာမြေ များ အတွင်း ပင်လယ်ဆားငန်ရေ ဝင်ရောက်မှုကိုလည်း တားဆီးပေးသည့်အတွက် သီးနှံများ ပျက်စီးဆုံးရှုံးမှု အန္တရာယ် ကို ကာကွယ်ပေးနိုင်ကြောင်း၊  ငါး၊ ပုစွန်နှင့် အခြားသော ရေနေသတ္တဝါများ ရှင်သန် ပေါက်ပွားရာ အရင်းအမြစ်ဖြစ်သဖြင့် ဒေသခံပြည်သူများအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့ကြောင့် ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသော ကမ်းရိုးတန်းဒေသများတွင်သဘာဝဒီရေတောများ ထိန်းသိမ်းရေးနှင့် ဒီရေတောစိုက်ခင်းများတည်ထောင်ရေးသည် လွန်စွာအရေးကြီးကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း တလျှောက်တွင်လည်း  အစိမ်းရောင်တံတိုင်း- Green Belt အဖြစ် ဒီရေတော ကြိုးပြင်ကာကွယ်တော ၇ ခု၊ ၂၃,၈၅၅ ဧက ဖွဲ့စည်းတည်ထောင်ထားပြီးဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times