#Local_News
Published 04 July 2024

▪️ မြစ်ကြီးနားရှိရေဘေးသင့်ပြည်သူများကို ရုပ်ရှင်အစည်းအရုံးမှ ကူညီ‌ထောက်ပံ့ပေးရန်ရှိသည့်အတွက်  ရုပ်ရှင်လောကသားများ ပါဝင်လှူဒါန်းနိုင်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်။

 

▪️ မြစ်ကြီးနားမြို့နှင့် ရေဘေးသင့်ပြည်သူများအတွက် ရေဘေးကူညီထောက်ပံ့ဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှစီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

 

▪️ ရေဘေးသင့်ပြည်သူ‌များကို ရုပ်ရှင်လောကသားများအနေနှင့်လည်းကောင်းပြင်ပပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအနေနှင့်လည်းကောင်းလှူဒါန်းလိုကြပါကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

ကချင်ပြည်နယ်တွင် မိုးသည်းထန်စွာသွန်း သဖြင့် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူတို့တွင် ဧရာဝတီမြစ်ရေများကြီးပြီး ဒေသခံပြည်သူများအနေဖြင့် ရေဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်နေရကြောင်းနှင့် ရေသန့်နှင့် စားနပ်ရိက္ခာများလိုအပ်ကြောင်း သိရသည်။

 

#tthl #Yangon_Times