#Local_News
Published 03 July 2024

▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပခဲ့သည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ(နဂါးလှေလှော်)ပြိုင်ပွဲတွင်‌ မြန်မာရွှေတံဆိပ်နှစ်ခုဖြင့် နိုင်ငံအလိုက်ပထမရရှိသော အောင်ပွဲရမြန်မာအားကစားအဖွဲ့အား ကြိုဆိုခဲ့ကြောင်း သိရသည်။

 

▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Barnaul မြို့တွင် ဇွန်(၂၈)ရက်နေ့မှ ဇူလိုင်(၂၈)ရက်နေ့အထိကျင်းပခဲ့သော နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ (နဂါးလှေပြိုင်ပွဲ) (Altai  Regatta  Dragon  Festival ) ပြိုင်ပွဲတွင် မြန်မာရွှေတံဆိပ်နှစ် ခုဖြင့် နိုင်ငံအလိုက်ပထမရရှိသော‌အောင်ပွဲရ မြန်မာအားကစားအဖွဲ့သည် ဇူလိုင်(၃)ရက်တွေင်ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

 

▪️ အောင်ပွဲရမြန်မာ‌လှေလှော်အားကစားအဖွဲ့အား ရန်ကုန်တိုင်း‌ဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်း‌ဒေသကြီး၀န်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊မြန်မာနိုင်ငံလှေလှော်လှာ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ ၊ အမှု‌ဆောင်များနှင့်‌ လှေလှော်အားကစားသမားများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှကျောင်းသား၊ကျောင်းသူများ၊ မိဘဆွေမျိုးများသောင်းသောင်းဖျဖျကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

 

▪️ မြန်မာအသင်းသည် မီတာ၂၀၀နှင့် မီတာ၅၀၀တို့တွင် ပထမဆု ရွှေတံဆိပ်တစ်ခုစီ ရယူခဲ့ပြီး မီတာ၂၀၀၀တွင်မြန်မာအသင်းအနေဖြင့်အကောင်းဆုံးယှဉ်ပြိုင်လှော်ခတ်သွားနိုင်သော်လည်း ရလဒ်အနေဖြင့် အဆင့် ၆ ဖြင့်သာကျေနပ်ခဲ့ရပြီး နိုင်ငံအလိုက်ပထမဆုရရှိခဲ့‌ကြောင်း သိရသည်။

 

▪️ အဆိုပါပြိုင်ပွဲတွင်အိမ်ရှင်ရုရှား၊ မလေးရှား၊  အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှာ၊ ကမ္ဘောဒီယား၊ ဥဇဘက်ကစ်စတန် မြန်မာနိုင်ငံတို့ပါ၀င်ကာ အသင်း ၁၃ သင်း၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြ‌ကြောင်း သိရသည်။    

        

ယင်းပြိုင်ပွဲသို့မြန်မာနိုင်ငံ‌လှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း ၊ အုပ်ချုပ်/နည်းပြ နှစ်ဦးအမျိုးသားအားကစားသမား၁၂ဦးတို့ ပြန်လည်လိုက်ပါခဲ့ကြောင်း သိရသည်။

 

#tthl #Yangon_Times