#Local_News
Published_3 July 2024


▪️ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ငွေကျပ် ၂၀ ဒသမ ၁၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား ၁၃ ဒသမ ၄၄ သန်း သယ်ဆောင်သည့် ဂိုဏ်းအဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။

 

▪️ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဇွန် ၂၅ ရက် နံနက် ၇ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တောင်စဉ်အေး စစ်ဆေးရေးစခန်းတွင် ပျဉ်းမနားဘက်မှ ရေနီဘက်သို့ ဇေယျာကျော် မောင်းနှင်ပြီး ဟိန်းကျော်မင်း လိုက်ပါလာ သည့် LIGHT TRUCK မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလ တန်ဖိုးငွေကျပ် ၂၀ ဒသမ ၁၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၃ ဒသမ ၄၄ သန်း သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

▪️ စစ်ဆေးဖော်ထုတ်ချက်များအရ စိတ်ကြွရူးသွပ်ဆေးပြားများ ကလောမှ ပျော်ဘွယ်သို့ သယ်ဆောင်ရာ၌ ပူးပေါင်း ပါဝင်သူများဖြစ်ကြသည့် မြတ်ပိုင်သူ၊ ဖြိုးစည်သူဟိန်းနှင့် အောင်အောင်(ခ)အောင်ကြီးတို့ ၃ ဦးကို ရ မည်းသင်းမြို့နယ်၊ တွင်းကျေးရွာအနီးတွင် သယ်ဆောင်ခဲ့သည့် NISSAN BOX မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် နွယ်နီသင်း၊ ရဲဒွေးလှိုင် (ခ)ဗလနှင့် မြင့်အောင်တို့ ၃ ဦးအား ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်ရှိ မိုတယ်တွင် TOYOTA WILL မော် တော်ယာဉ်တစ်စီး၊ TOYOTA ESTIMA မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် စီမံဆောင်ရွက်သူ ဝေမင်းဖြိုး(ခ)အုန်းအုန်းနိုင်အား ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်တွင် လည်းကောင်း၊ အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

▪️ ဆက်လက်စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ဂိုဏ်းဖွဲ့သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအ ရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများ၏ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#Yangon_Times/PP