#Local_News
Published_3 July 2024


▪️ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း ရှော့တိုက်ဒုံးများပစ်ခတ်ခံရ၍ အသက်(၁၂)နှစ်နှင့် (၁၄)နှစ် အရွယ် ကလေး ၃ ဦး အပါအဝင် ဒေသခံ ၆ ဦး သေဆုံးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

▪️ ယနေ့ ဇူလိုင်လ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က လားရှိုးမြို့အတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများက မြို့၏အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ခန့် အကွာမှ ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လားရှိုးမြို့၊ ရပ်ကွက် (၁)၊ နယ်မြေ(၃)၊ သာယာလမ်းပေါ်ရှိ လူနေအိမ်ပေါ်သို့ ကျရောက်ပေါက် ကွဲခဲ့ကြောင်း သိရသည်။

 

▪️ ယင်းကြောင့် ကချင်တိုင်းရင်းသားမိသားစုဖြစ်သော ဒေါ်မာဂျီ ၄၉ နှစ် ၊ ဆိုင်းခွန် ၃၅ နှစ် ၊ မေရီ ၃၃ နှစ် ၊ ဇဇောင်း ၁၂ နှစ် ၊ ဒွဲအောင် ၁၄ နှစ် ၊ ဇေညွယ် ၁၂ နှစ် တို့ နေရာတွင်ပင် သေဆုံးခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ သေဆုံးသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များက လားရှိုးမြို့ပြည်သူ့ဆေး ရုံသို့ ပို့ဆောင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။


#YMG #Yangon_Times #Yangon_Media_Group