#Local_News
Published 03 July 2024

▪️ ဗန်းမော်မြို့နှင့်ရွှေကူမြို့တို့တွင် မြစ်ရေကြီးနေ၍ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားနေသဖြင့်ကူညီရွှေ့ပြောင်းပေးနေရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဇူလိုင်လ ၃ရက်နေ့၊ ၀၆ ၀၀ အချိန်ခန့်၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဗန်းမော်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးလှေ(၈)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများနှင့် သတိပေးဆော်ဩခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

 

▪️ ဇူလိုင်လ၂ ရက်နေ့၊ ၀၉ ၀၀ အချိန်ခန့်၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ အမှတ်(၄)ရပ်ကွက် (ဘောဂဗလရပ်)အတွင်း ဧရာဝတီမြစ်ရေမြင့်တက်ဝင်ရောက်လာ၍ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေကူမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ရေဘေးလွတ်ရာ သူဌေးတောရဘုန်းတော်ကြီးကျောင်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း  မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

#tthl #Yangon_Times