#Local_News
Published 02 July 2024

▪️ ကချင်ပြည်နယ်၊ဗန်းမော်တွင် ဧရာ၀တီမြစ်ရေကြီးနေ၍ ကူညီရွှေ့ပြောင်းပေးနေရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဇူလိုင်၂ရက်နေ့၊ ၀၆ ၀၀ အချိန်ခန့်၊ ကချင်ပြည် နယ်၊ ဗန်းမော်မြို့၊ မြေနိမ့်ပိုင်းရပ်ကွက်များသို့ ဧရာ၀တီမြစ်ရေဝင်ရောက်မှုကြောင့်  ဗန်းမော်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးလှေ(၈)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများနှင့် သတိပေးဆော်ဩခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ခဲ့သည်ဟုဆိုသည်။

 

▪️ ယင်းအပြင် ၁.၇.၂၀၂၄ ရက်နေ့၊ ၀၈ ၃၀ အချိန်၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်(ပညာ့ရိပ်သာရပ်)တွင် ဧရာဝတီမြစ်ရေမြင့်တက်ဝင်ရောက်လာ၍ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဗန်းမော်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဘေးလွတ်ရာ ဓမ္မိကာရုံဘုန်းတော်ကြီးကျောင်းသို့ ကယ်ဆယ်ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

 

#tthl #Yangon_Times