#Local_News
Published 02 July 2024


▪️ တရုတ်နိုင်ငံမှ ကျင်းပသည့်'ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်'သို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံ ရှီးကျန်းဒေသ၏ ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (4th China Xizang Trans-Himalaya Forum for International Cooperation) ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ညန်ချီမြို့၌ ကျင်းပမည်ဖြစ်သည်။

 

▪️ အဆိုပါဖိုရမ်သို့ တက်ရောက်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ညန်ချီမြို့သို့ ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

 

▪️ ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လူသားများနှင့်သဘာဝတရားအကြား သဟဇာတဖြစ်သော ဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု စသည့် ကဏ္ဍသုံးခုကို ချိတ်ဆက်ပေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်းနှင့် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကိုယ်စားလှယ် စုစုပေါင်း ၃၀၀ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 

#tthl #Yangon_Times