#Local_News
Published 01 July 2024

▪️ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကြီးနားရှိရပ်ကွက်အချို့ထဲရေဝင်နေ၍ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေရကြောင်း  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဇွန်လ(၃၀)ရက်တွင် ၀၈ ၀၀ အချိန်ခန့်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူရပ်ကွက်များတွင် ရေများဝင်ရောက်မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

 

▪️ အဆိုပါရေကြီးခြင်း ရေဝင်ရောက်ခြင်းကိုမြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှဖော်ပြထားသည်။

 

▪️ မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် မြစ်ရေများတိုးပြီးဇူလိုင်လတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်သာမြစ်၊ ပဲခူးမြစ်၊ တိုးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ဒုဌဝတီမြစ်၊ လေးမြို့မြစ်၊ ရွှေကျင်မြစ်၊ ဘီးလင်းမြစ်စတဲ့ မြစ်များသည် စိုးရိမ်ရေအမှတ်အထက်ရောက်ရှိလာဖို့ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးဖော်ပြထားသည်။

 

▪️ ဇူလိုင်လအတွင်းမြစ်ရေများတိုးပြီး စိုးရိမ်ရေအမှတ်အထက်ကျော်လွန်ရောက်ရှိနိုင်တဲ့အတွက်  မြစ်နားကမ်းနားနေထိုင်သူများ၊ မြေနိမ့်ပိုင်းနေထိုင်သူများအ‌နေဖြင့် အထူးသတိပြုနေထိုင်ကြရန်လိုအပ်ကြောင်း သိရသည်။

 

#tthl #Yangon_Times