ဂျပန်နိုင်ငံကို သွားရောက်ကြမယ့် ဗီဇာလျှောက်ထားတာတွေကို ဇူလိုင်လအတွင်းမှာ အွန်လိုင်းဘိုကင်စနစ် ကျင့်သုံးသွားမယ်လို့ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ဇွန်လ ၂၈ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁ ရက်က စတင်ပြီး တစ်ဦးချင်းစီအလိုက် ဗီဇာလျှောက်ထားတာကို  အွန်လိုင်းဘိုကင်စနစ် ကျင့်သုံးသွားမှာဖြစ်ပြီး  အဖွဲ့လိုက်လျှောက်ထားတာနဲ့ ပတ်သက်လို့လည်း ဇူလိုင်လ အလယ်ပိုင်းမှာ  အွန်လိုင်းဘိုကင်  စတင်လက်ခံမယ့် ရက်အတည်ပြုပြီးပါကလည်း ထပ်မံအသိပေးကြေညာပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published_ 29 June 2024
#ဂျပန်ဗီဇာ #အွန်လိုင်းဘိုကင်စနစ် ကျင့်သုံး
#NN #YMG #Yangon_Times #Yangon_Media_Group