#Local_News
Published_ 29 June 2024


▪️ 230kV မန်စံ - ရွှေစာရံလိုင်း အမြဲ တမ်းအပြစ်ဖြစ်သောကြောင့် ရန်ကုန်တိုင်းအတွက် နေ့စဉ်ယူနစ်ငါးသန်းကျော်  လျော့နည်းရရှိနေ၍ စက်မှုဇုန်နှင့် အများပြည်သူများအား သုံးစွဲ၀န်အားလျော့ချကာ ဓာတ်အားဖြန့်ဖြူးနေရသည့်အတွက် မြို့နယ်အချို့၌  လျှပ်စစ်မီးယာယီပြတ်တောက်နိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ယမန်နေ့က အသိပေးထုတ်ပြန်လိုက်သည်။

 

▪️ လက်ရှိတွင် ရန်ကုန်တိုင်းအတွက်မူလလျာထား‌သော ဓာတ်အားပမာဏထက်(၂၀% )နေ့စဉ်ယူနစ် (၅.၆၄၇) သန်းခန့် လျော့နည်းရရှိ နေခြင်းဖြစ်ပြီး  စက်မှုဇုန်နှင့် အများပြည်သူများအား  ယခင်ရက်ပိုင်း.သုံးစွဲ၀န်အားထက် လျော့ချ၍  ဓာတ်အားဖြန့်ဖြူးနေရခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဇွန်၂၆ ရက်နေ့၊ ညနေ ၇နာရီ ၅၄မိနစ်အချိန်ခန့်၌ 230kV မန်စံ -ရွှေစာရံလိုင်း အမြဲ တမ်းအပြစ်  (Permanent. fault) ဖြစ်၍ တစ်နိုင်ငံလုံးဓာတ်အားစနစ်ချို့ယွင်းမှု (System Breakdown) ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ ဓာတ်အားလိုင်းချို့ယွင်းနေမှုကြောင့်  ယနေ့အထိနိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ရွှေလီဓာတ်အားပေးစက်များမှ လျှပ်စစ်ဓာတ်အား  ထုတ်လုပ်ပို့လွှတ်နိုင်မှု(၄၀၀)မဂ္ဂါဝပ်ခန့် တစ် နေ့လျှင်  လျှပ်စစ်ပမာဏယူနစ်( ၉.၅) သန်းခန့်လျော့နည်းရရှိနေပြီး နယ်မြေအခြေအနေအရပြုပြင်မှုများ ဆောင်ရွက်နိုင်ရန်စီစဉ်ထားဆဲဖြစ်ကြောင်း သိရသည်။

 

▪️ ထို့ကြောင့်   ရန်ကုန်တိုင်းဒေသကြီးအတွက် မူလလျာထား‌သော ဓာတ်အားပမာဏထက်.(၂၀% )နေ့စဉ်ယူနစ် (၅.၆၄၇) သန်းခန့် လျော့နည်းရရှိခဲ့ပါသဖြင့် အရေးပေါ် ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်နေရသည့်အတွက်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်နှင့် အများပြည်သူများအား  ယခင်ရက်ပိုင်းသုံးစွဲ၀န်အားထက် လျော့ချ၍  ဓာတ်အားဖြန့်ဖြူးနေရပါကြောင်းနှင့်အရေးပေါ်၀န်အား  ထိန်းညှိ‌မှုဆောင်ရွက်ရခြင်း‌များကြောင့် မြို့နယ်အချို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထားသည်။

 

#YMG/NN #Yangon_Times